Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /homepages/32/d401354840/htdocs/GHK_Update_2016/includes/menu.inc).

ပညာရှင်များ

ဦးအောင်သင်း

ဆရာကြီး ဦးအောင်သင်းသည် ၁၉၇၁ ခုနှစ်တွင် မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒသိပ္ပံဘွဲ့ကို ရရှိခဲ့ပါသည်။ ဆရာကြီးသည် ထိုင်းနိုင်ငံတွင် သင်ကြားပို့ချသော ရေအရင်းအမြစ် စီမံခန့်ခွဲမှုသင်တန်းကို ၁၉၉၈ ခုနှစ်တွင် လည်းကောင်း၊ အိန္ဒိယနိုင်ငံတွင် UNICEF ၏ပံ့ပိုးမှုဖြင့်ကျင်းပသည့် အဆင့်မြင့် နည်းပညာကွန်ယက်ဖြင့် ချိတ်ဆက်ထားသော မြို့ပြ ဆိုင်ရာအသင်းအဖွဲ့နှင့် ရေပေးဝေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၀၀ ခုနှစ်တွင် လည်းကောင်း တက်ရောက်ခဲ့ရပါသည်။

ဆရာကြီးသည် အစိုးရဝန်ထမ်းသက်တမ်းတလျှောက်တွင် ဆည်မြောင်းဉီးစီးဌာန ၌ ဉီးစီးအရာရှိ (ဘူမိဗေဒ)အဖြစ် ၂၃ နှစ်၊ ရေအရင်းအမြစ်အသုံးချရေးဉီးစီးဌာ၌ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးတို့အဖြစ် ၁၃ နှစ် စသည်ဖြင့် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အင်ဂျင်နီယာ ဘူမိဗေဒကဏ္ဍများတွင် လုပ်ငန်းခွင်ဗဟုသုတနှင့် အတွေ့အကြုံများစွာရှိပါသည်။

 

ဦးအောင်မြင့်

ဦးအောင်မြင့်သည် ၁၉၇၆ ခုနှစ်တွင် ၁၀ တန်း (A) အဆင့်ဖြင့် အောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံ မြေတိုင်းကျောင်း(မေမြို့) တွင် ၁၉၇၆-၁၉၇၇ ခုနှစ်၊ ၁-နှစ်တာကာလ မြေတိုင်းကျောင်း တက်ရောက်၍ မြေတိုင်းသင်တန်း အောင်လက်မှတ် ရရှိခဲ့ပါသည်။ ယင်းနောက် ရန်ကုန် မြေတိုင်းဌာနတွင် မြေတိုင်းဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် တက္ကသိုလ် စာပေးစာယူ တက်ရောက်၍ ဥပဒေ (L.L.B) ဘွဲ့ ရယူခဲ့ပါသည်။

ရန်ကုန် မြေတိုင်းဦးစီးဌာနတွင် ၁၉၇၆ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ကျွမ်းကျင်အဆင့် - ၁ ရာထူးဖြင့် တာဝန်များ ထမ်းဆောင်ခဲ့ပြီးနောက် ယခုအချိန်အထိ ကုမ္ပဏီများစွာကို မြေတိုင်းပညာဖြင့် တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိအချိန်တွင် ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်တွင် Surveyor (Executive engineer) အနေဖြင့် မြေတိုင်း လုပ်ငန်းကိစ္စ အားလုံးကို ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိသည်။

 

ဦးကျော်တင့်

၁၉၈၆ ခုနှစ်တွင် (စနစ်သစ်အစဦး/သိပ္ပံဘာသာတွဲဖြင့်) တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ပြည် စက်မှုလက်မှုသိပ္ပံမှ AGTI (Civil) ဖြင့် ဒီပလိုမာ ရရှိခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အေးရိပ်မွန်ကုမ္ပဏီ၌ သန်လျင်-ကျောက်တန်း မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး မြေကွက်များ ဖော်ထုတ်ခြင်း၊ သီလဝါအထူးစီးပွားရေးဇုန်သို့ မြေသားလမ်းဖောက်လုပ်ခြင်း စသည်တို့ကို အိုး/အိမ်ဌာနနှင့် ဆောင်ရွက်ခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာ့မီးရထားရုံးချုပ် (အသစ်) ဆောက်လုပ်ရေး၌ FMI ကုမ္ပဏီ၏ SPA ဒီဇိုင်းအဖွဲ့နှင့် ပူးတွဲဆောင်ရွက်ခဲ့သည်။

ထို့နောက် ၁၉၉၅ မှ ၂၀၁၆ အထိ အေးရှားဝေါလ်ကုမ္ပဏီသို့ ဝင်ရောက်ပြီး ပီနံအိတ်စက်ရုံ၊ စက္ကူစက်ရုံ (တောင်ဒဂုံ)၊ ဘိလပ်မြေစက်ရုံ (လားရှိုး) လေဆိပ် ပြေလမ်းတိုးချဲ့ (လားရှိုး-ဟဲဟိုး)၊ ရွှေလီ အမှတ်-၁ ရေအားလျှပ်စစ်စီမံကိန်း၊ ၁၀၅-မိုင် ကုန်စစ်ကွင်းတည်ဆောက်ရေး(မူဆယ်) အမှတ်-၄ ဓာတ်မြေသြဇာစက်ရုံတည်ဆောက်ရေး (မြောင်းတကာ)၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ Green Asia စက်သုံးဆီသိုလှောင်ကန်နှင့် ဆိပ်ခံတံတား (Jetty) တည်ဆောက်ရေး၊ Wilmar Myanmar Port Terminal Project ၌ မြေကွက်ဖော် Sand filling လုပ်ငန်း၊ ဒီရေဝင်ချောင်းဟောင်းအစား Diversion Channel အသစ်ဖောက်လုပ်ခြင်း စသည့် Civil Engineering လုပ်ငန်းမျိုးစုံ ဆောင်ရွက်ခဲ့သည်။