Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /homepages/32/d401354840/htdocs/GHK_Update_2016/includes/menu.inc).

ဓာတ်ခွဲခန်းပစ္စည်းကိရိယာ လှူဒါန်းခြင်း

ဂရိတ်ဟော်ခမ်းသည် အများပိုင် ကုမ္ပဏီဖြစ်သည် နှင့်အညီ စီးပွားရေး လုပ်ငန်းများကို ရည်မှန်းချက်၊ မျှော်မှန်းချက်၊ မဟာဗျူဟာများ ချမှတ် ဆောင်ရွက်နေသည့် အပြင် ပူးပေါင်း စီမံအုပ်ချုပ်မှု စနစ်အရ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း စသည်တို့ကို ပြဋ္ဌာန်းပြီး၊ ကုမ္ပဏီ၏ စီးပွားရေး အခန်းကဏ္ဍများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။

ဂရိတ်ဟော်ခမ်းသည် အခြား စီမံကိန်းကြီးများမှ ပင်မ ကန်ထရိုက်တာ အဖြစ်ဖြင့် လည်းကောင်း၊ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှု ဖြင့်လည်းကောင်း စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်အတွင်း ပင်မ ကန်ထရိုက်တာ အဖြစ် ဆောင်ရွက်ခဲ့သော စီမံကိန်းကြီးများမှာ မူဆယ် ၁၀၅-မိုင် သစ်သီးရောင်းကွင်း အခြေခံ အဆောက်အအုံ (မြေသားလုပ်ငန်း) နှင့် ၁၀၅၀ မဂ္ဂါဝပ်ရှိ ရွှေလီ-၃ ရေအားလျှပ်စစ် စီမံကိန်းမှ ရေလွှဲရေထုတ်ပြွန် သံကူကွန်ကရစ် သွန်းလောင်းခြင်း လုပ်ငန်းများ ဖြစ်သည်။

ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုမှာ လက်ရှိတွင် မူဆယ်မြို့၏ တောင်ဖက် ၆ ကီလိုမီတာခန့်အကွာ တပ်ဆင် စက်အင်အား ၂၀ မဂ္ဂါဝပ်ရှိသော နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းဖြစ်သည်။ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် အညီ တည်ဆောက် လည်ပတ် လွှဲပြောင်း (Built, Operate, Transfer) စနစ် ခေါ် BOT စနစ်ဖြင့် ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်ဆောင်လျက် ရှိသည်။ နမ့်ပေါ်ရေအားလျှပ်စစ်အပြင် အခြား ရေအားလျှပ်စစ် စီမံကိန်းများကိုလည်း စူးစမ်းလေ့လာလျက်ရှိသည်။

ရေအားလျှပ်စစ် စီမံကိန်းများ၏ ယေဘုယျ ရည်ရွယ်ချက်များမှာ ဒေသန္တရ ဖွံ့ဖြိုးတိုးတက် စေရန်၊ ဒေသခံ ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိစေရန်၊ ပြည်တွင်း လျှပ်စစ်ဓာတ်အား ဖူလုံမှုကို အထောက်အကူ ပြုစေရန်၊ နိုင်ငံတော် ဘဏ္ဍာခွန် ပိုမိုရရှိစေရန် နှင့် အစုရှယ်ယာရှင်များ အတွက် ထိုက်သင့်သည့် အကျိုးအမြတ်များ ဖြစ်ထွန်းစေရန် စသည့်တို့ဖြစ်သည်။

ကုမ္ပဏီ၏ လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ပူးပေါင်းတာဝန်ယူမှု မူဝါဒအရ စီးပွားရေးလုပ်ငန်း လည်ပတ်မှုများတွင် ရရှိခဲ့သည့်အကျိုးအမြတ်များထဲမှ သင့်တော်သည့် ရာခိုင်နှုန်းတစ်ခုကို လူမှုဝန်းကျင်၏ (၁) ပညာရေး၊ (၂) ကျန်းမာရေးနှင့် (၃) အခြေခံအဆောက်အအုံ ဆိုသည့် အချက် ၃ ချက်ကို အဓိက ပါဝင်ကူညီသွားရန် ဖြစ်သည်။

သို့ပါ၍ ကုမ္ပဏီ၏ လူမှုဝန်းကျင်ပူးပေါင်းတာဝန်ယူမှု မူဝါဒအတိုင်း ပညာရေးကဏ္ဍတွင် နည်းပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ရေအားလျှပ်စစ် စီမံကိန်းများ စူးစမ်းလေ့လာခြင်း နှင့် အကောင်အထည် ဖော်ခြင်းတို့တွင် အသုံးပြုရန်လိုအပ်သော Rock Mechanic ဆိုင်ရာ ဓာတ်ခွဲခန်း ပစ္စည်းကိရိယာ ၇ မျိုး (ကာလတန်ဖိုး ကျပ် ၂၂၉ သိန်း)ကို ၂၉-၁-၂၀၁၈ ရက်နေ့တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၌ ကျင်းပသည့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့ဝင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဆိုင်ရာ ဝန်ကြီးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်၏ အုပ်ချုပ်မှု ဒါရိုက်တာ စိုင်းအုန်းမြင့်မှ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် ထံသို့ ပေးအပ် လှူဒါန်းခဲ့ပြီး၊ ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ချီးမြှင့်ခဲ့ပါသည်။

အုပ်ချုပ်မှုဒါရိုက်တာရုံး၊ မူဆယ်။

ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်သို့
ဂရိတ်ဟော်ခမ်းသည် အများပိုင် ကုမ္ပဏီဖြစ်သည် နှင့်အညီ စီးပွားရေး လုပ်ငန်းများကို ရည်မှန်းချက်၊ မျှော်မှန်းချက်၊
ဂရိတ်ဟော်ခမ်းမှ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြုစေရန်၊ ဒေသခံ ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်း ပိုမို
ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်သည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြေခံအဆောက်အဦ လုပ်ငန်းများတွင် နိုင်ငံတကာအဆင့်မီ