Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /homepages/32/d401354840/htdocs/GHK_Update_2016/includes/menu.inc).

ဂရိတ်ဟော်ခမ်းမှ မီးသတ်ယာဉ်နှင့် ရေတိုင်ကီလှူဒါန်းခြင်း

ဂရိတ်ဟော်ခမ်းမှ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြုစေရန်၊ ဒေသခံ ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိစေရန်နှင့် ဒေသအတွင်း လျှပ်စစ်ဓာတ်အား ဖူလုံမှုကို အထောက်အပံ့ ဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် မူဆယ်မြို့နှင့် ၆ ကီလိုမီတာ အကွာဝေးတွင် တပ်ဆင်စက်အင်အား ၂၀ မဂ္ဂါဝပ်ရှိ နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် အညီ B.O.T စနစ်ဖြင့် အကောင်အထည် ဖော်ဆောင်လျက် ရှိပါသည်။

ကုမ္ပဏီသည် စီမံကိန်း၏ရည်ရွယ်ချက်၊ လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု မူဝါဒ စသည်တို့နှင့် အညီ စီမံကိန်း အနီးရှိ စွမ်စော်ရပ်ကွက်၊ ခူးဝိန်းနယ်မြေ အတွက် စုစုပေါင်းတန်ဘိုး ကျပ်သိန်းနှစ်ရာ့လေးဆယ် (၂၄,၀၀၀,၀၀၀ ကျပ်) ရှိသော ဂါလံ ၁၂၀၀ ဆန့်၊ ၂၀၁၇ ခုနှစ် တရုတ်နိုင်ငံထုတ်၊ Dong Feng အမျိုးအမည် မီးငြိမ်းသတ်ယာဉ် မော်တော်ယာဉ် အမျိုးအစား (Model: CY 4100 Q)၊ မီးသတ်ယာဉ် တစ်စီးနှင့် အရန်မီးသတ် တပ်ဖွဲ့စခန်းတွင် ထားရှိအသုံးပြုရန် ဂါလံ ၆၀၀၀ ဆန့်၊ သံရေဒိုင်ကီ တစ်လုံးကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းခွန်ကျော်နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ တက်ရောက်ပြီး၊ စွမ်စော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကာခမ်း၊ နယ်မြေမှူး ဦးစိုင်းလှကျော်တို့ ဦးစီးသော “စွမ်ဖွေးဆုန်” အရန်မီးသတ် တပ်ဖွဲ့ ထံသို့ ပေးအပ် လှူဒါန်း ခဲ့ပါသည်။

ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်သို့
ဂရိတ်ဟော်ခမ်းသည် အများပိုင် ကုမ္ပဏီဖြစ်သည် နှင့်အညီ စီးပွားရေး လုပ်ငန်းများကို ရည်မှန်းချက်၊ မျှော်မှန်းချက်၊
ဂရိတ်ဟော်ခမ်းမှ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြုစေရန်၊ ဒေသခံ ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်း ပိုမို
ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်သည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြေခံအဆောက်အဦ လုပ်ငန်းများတွင် နိုင်ငံတကာအဆင့်မီ