အကြံပေးကော်မတီ အဖွဲ့ဝင်များ

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /homepages/32/d401354840/htdocs/GHK_Update_2016/includes/menu.inc).

အကြံပေးကော်မတီ

This article is created or updated on January 9, 2018

အကြံပေး ကော်မတီသည် ဒါရိုက်တာ အဖွဲ့အား စီးပွား ရေးရာ၊ ဥပဒေ ရေးရာ၊ လုပ်ငန်းပိုင်း ဆိုင်ရာ၊ မဟာဗျူဟာပိုင်း ဆိုင်ရာ၊ စီမံခန့်ခွဲမှု ပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေး ဆိုင်ရာ၊ ဈေးကွက် ဆိုင်ရာ၊ လူ့စွမ်းအား အရင်းအမြစ် ဆိုင်ရာ စသည်ဖြင့် ကုမ္ပဏီအား အကျိုးများစေမည့် အကြံဉာဏ်များကို ပေးနိုင်ရန် ဖွဲ့စည်း ထားပါသည်။ အကြံပေး ကော်မတီ အဖွဲ့ဝင်များသည် သက်ဆိုင်ရာ နယ်ပယ် အသီးသီးတွင် ဗဟုသုတ အတွေ့အကြုံ နှင့် ကျွမ်းကျင်မှု ပြည့်ဝသူများ ဖြစ်သည်။ အကြံပေး ကော်မတီ အဖွဲ့ဝင်များမှာ -

၁။ ဒေါက်တာမောင်မောင်သိမ်း - ကော်မတီဥက္ကဋ္ဌ
၂။ ဦးရဲခေါင်ညွန့် - အဖွဲ့ဝင်
၃။ ဦးသိန်းရွှေ - အဖွဲ့ဝင်
၄။ မစ္စတာလျိုရှောင်ဖိန် - အဖွဲ့ဝင်
၅။ ဦးအောင်သင်း - အတွင်းရေးမှူး တို့ဖြစ်သည်။

အကြံပေးကော်မတီကို ဒါရိုက်တာ အဖွဲ့ ကဲ့သို့ပင် ၂-နှစ် တစ်ကြိမ် ပြန်လည်ရွေးချယ်ပါသည်။

အကြံပေးကော်မတီသည် ကုမ္ပဏီ၏ အောင်မြင် တိုးတက်ရေး အတွက် အောက်ဖော်ပြပါ အခန်း ကဏ္ဍ များတွင် ဆောင်ရွက်ပေးလျက် ရှိသည် -

  • စီးပွားရေး၊ ဥပဒေ၊ လုပ်ငန်းပိုင်း၊ မဟာဗျူဟာပိုင်း၊ ဘဏ္ဍာရေး၊ လူ့စွမ်းအား အရင်းအမြစ်၊ ဈေးကွက်နှင့် စီးပွားရေး ကဏ္ဍများ၏ အလားအလာ အစရှိသဖြင့် နယ်ပယ် အသီးသီး အပေါ် နားလည် ကျွမ်းကျင်မှုများ စဉ်ဆက်မပြတ် တိုးပွားအောင် ဆောင်ရွက်ပေးခြင်း။
  • ဒါရိုက်တာအဖွဲ့ သို့မဟုတ် စီမံခန့်ခွဲမှု အဖွဲ့မှ အခါအားလျော်စွာ တင်ပြဆွေးနွေး အကြံဉာဏ် တောင်းခံလာသော အခြင်းအရာများ ပေါ်တွင် အမြော်အမြင် ရှိစွာဖြင့် အကြံဉာဏ်ကောင်းများ ဆွေးနွေးမှုများ ပေးခြင်း။
  • ဘက်လိုက်မှု ကင်းသော ကြားနေ မူဝါဒဖြင့် လျော်ကန်သော အကြံဉာဏ်များ ပေးခြင်း။
  • ကုမ္ပဏီ၏ စွမ်းဆောင်ရည် နှင့် ပူးပေါင်း စီမံအုပ်ချုပ်မှု စနစ် (Corporate Governance) ကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်ပြီး သင့်တော်သော အကြံပေးမှုများ ပြုခြင်း။
  • ဒါရိုက်တာ အဖွဲ့နှင့် စီမံခန့်ခွဲမှု အဖွဲ့မှ ပြင်ဆင်သင့်သည်များ ရှိလျှင်လည်း ကုမ္ပဏီ တိုးတက်ရာ တိုးတက်ကြောင်းကို ရှေးရှု၍ ပွင့်လင်းစွာ လမ်းညွှန်မှု ပေးခြင်း တို့ဖြစ်သည်။