ဦးသိန်းရွှေ

အကြံပေးကော်မတီအဖွဲ့ဝင်

ဆရာကြီးသည် ဧရာဝတီတိုင်း ဇလွန်မြို့နယ်တွင် စတုတ္ထတန်းကို အောင်မြင်ခဲ့ပြီး နိုင်ငံတော် အစိုးရထံမှ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းခံခဲ့ရပါသည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ပုသိမ် ကောလိပ်သို့ တက်ရောက်ခဲ့ပါသည်။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပါသည်။

ဆရာကြီးသည် ၁၉၄၈ ခုနှစ်တွင် မှတ်ပုံတင်ဉပဒေကို တက်ရောက်အောင်မြင်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် အထက်တန်းရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၀ ခုနှစ်တွင် တရားလွှတ်တော်ရှေ့နေဖြစ်ခဲ့ပြီးနောက် ယနေ့တိုင် တရားလွှတ်တော်ရှေ့နေအဖြစ် ဆောင်ရွက်နေဆဲဖြစ်ပါသည်။