အုပ်ချုပ်မှုဒါရိုက်တာ၏ အိပ်ဖွင့်ပေးစာ

Managing Director

စိုင်းအုန်းမြင့်
အုပ်ချုပ်မှုဒါရိုက်တာ

အစုရှယ်ယာရှင်များခင်ဗျား -
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ ဂရိတ်ဟော်ခမ်းအများပိုင် ကုမ္ပဏီလီမိတက် အစုရှယ်ယာရှင်များ၏ နှစ်ပတ် လည် အထွေထွေအစည်းအဝေးကြီး ကျင်းပသည့် အချိန်တိုင် ကုမ္ပဏီ မှ ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သော ၄ နှစ်ပြည့်လုနီးပါး သက် တမ်းကာလအတွင်း လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ခဲ့ရာ တွင် နိုင်ငံတော်မှ ချမှတ် ပြဋ္ဌာန်းထားသော ဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများမှ သွေဖီခြင်းမရှိရလေအောင် သက်ဆိုင်ရာ အကြံပေးပညာရှင်များထံ လမ်းညွှန်မှုကိုခံယူလျက် မိမိ ယုံကြည်မျှော်လင့်ရာ မျှော်မှန်းချက်၊ ရည်မှန်း ချက်များအတိုင်း ဦးလည်မသုန် လျှောက်လှမ်းခဲ့ပါသည်။ အများပိုင် ကုမ္ပဏီ ဖြစ်သည်နှင့်အညီ နိုင်ငံအကျိုး၊ ဒေသအကျိုးနှင့် အစုရှယ်ယာ ရှင်များ၏ အကျိုးကိုဦးထိပ်ထားလျက် လုပ်ငန်းဆောင်တာ များအား ဥပဒေနှင့်အညီ ဖြစ်စေရန်၊ စာရင်းဇယားဆီလျော် မှန်ကန်မှုရှိစေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် အကျိုးစီးပွား အောင်မြင်ဖြစ်ထွန်းစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပဏာမအစီရင်ခံတင်ပြအပ်ပါသည်။

၁။ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် နိုင်ငံတော် အစိုးရကကြေညာလိုက်သည့် နိုင်ငံတော်၏ စီးပွားရေး မူဝါဒ မျှော်မှန်းချက်နှင့် နိုင်ငံတော်၏ရည်မှန်းချက် ၁၂ ရပ်တို့ကို အကောင်အထည်ဖော်ရာတွင် တစ်ဖက် တစ်လမ်းမှ အထောက် အပံ့ဖြစ်နိုင်စေရေးအတွက် မိမိတို့ကုမ္ပဏီအနေဖြင့် တတ်စွမ်း သည့်အတိုင်းအတာ အတွင်းမှ ဝိုင်းဝန်းကြိုးပမ်းသွားမည်ဖြစ်သည်။

၂။ တည်ဆောက်ရေးကန်ထရိုက်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း

ကုမ္ပဏီစတင်တည်ထောင်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကုန်အထိ အရေးပါသော ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သော်လည်း အောက်ပါပင်မကန်ထရိုက်လုပ်ငန်း တို့ကို ကြိုးစားဖော်ဆောင်ခဲ့ရင်း အစုရှယ်ယာရှင်များအတွက် အကျိုးအမြတ်များကို ဖြစ်ထွန်းစေခဲ့ပါသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကုန်အထိ ဆောင်ရွက်ခဲ့ သည့် ပင်မကန်ထရိုက်လုပ်ငန်းများမှာ -

(၁) နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် မှ ရင်းနှီးမြှုပ်နှံအကောင်အထည်ဖော်သည့် မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်း၏ အခြေခံအဆောက်အအုံလုပ်ငန်းများ
(၂) ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ နန်းတော်ဂိတ် လူဝင်မှု ကြီးကြပ်စစ်ဆေးရေးစခန်း၊ မူဆယ်မြို့၊
(၃) မိဂဒါမဟာစေတီတော်စီမံကိန်း၊ မူဆယ်မြို့၊
(၄) အရှေ့မြောက်တံခါးကုမ္ပဏီလီမိတက်၏ ၁၀၅ မိုင်၊ သစ်သီးဝလံရောင်းချကွင်း တိုးချဲ့ရေး စီမံကိန်း၊ မူဆယ်မြို့၊
(၅) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်လျက်ရှိသည့် တပ်ဆင်စက်အင်အား ၁,၀၅၀ မဂ္ဂါဝပ်ရှိ ရွှေလီ-၃ ရေအားလျှပ်စစ် စီမံကိန်း၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ရေလွှဲရေထုတ်ပြွန် သံကူကွန်ကရစ် သွန်းလောင်းခြင်းလုပ်ငန်း၊ မိုးမိတ်မြို့နယ် နှင့်
(၆) မူဆယ်မြို့အတွင်း လူနေအိမ်အဆာက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများ တို့ဖြစ်သည်။

၃။ စီမံကိန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း

ရေးအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စတင်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ရေအားလျှပ်စစ်တွင် အဓိကရင်းနှီးမြှုပ်နှံမှုပြုလုပ်ရခြင်း အကြောင်း ရင်းများမှာ -

(၁) ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်း တစ်နှစ်လျှင် လူတစ်ဦး၏လျှပ်စစ်ဓာတ်အား အသုံးပြုနိုင် ခွင့်မှာ ၁၀၄ ကီလို ဝပ်နာရီ (ယူနစ်)ခန့်သာ ရှိသေးခြင်း၊
(၂) ၂၀၁၅ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်း သဘာဝ ရေ အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားကို ၃,၀၆၉ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သေးခြင်း။
(၃) ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မဂ္ဂါဝပ်ပေါင်း အနည်းဆုံး ၉,၁၀၀ နှင့် အများဆုံး ၁၄,၅၄၂ ခန့်ရှိနိုင်ခြင်း (JICA ၏ စူးစမ်းလေ့လာမှု) စသည့်အချက်များတို့ဖြစ် သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ဖော်ဆောင်သွား မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ -

(၁) နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်း - မိမိတို့ကုမ္ပဏီအတွက် အဓိကအရေးပါသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဖြစ် ပါသည်။ စီမံကိန်းအတွက် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ စူးစမ်းလေ့လာခဲ့ပြီး စီမံကိန်းဆိုင်ရာအချက်အလက်များကို “နမ့်ပေါ် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မှု မှတ်တမ်း”တွင် အကျဉ်းချုံးဖော်ပြထားပါသည်။

(၂) စူးစမ်းလေ့လာဆဲ ရေအားလျှပ်စစ်စီမံကိန်းများ - အနာဂတ် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများအနေ ဖြင့် ရှမ်းပြည်နယ်အတွင်း အခြားသောရေအားလျှပ်စစ်အရင်းအမြစ် ၃ ခုကို ဆက်လက် စူးစမ်း လေ့လာ လျက်ရှိပြီး၊ နိုင်ငံတော်အစိုးရနှင့် နားလည်မှုစာချွန်လွှာမရေးထိုးရသေးသဖြင့် ယခုနှစ်ပတ် လည် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြရန် အခက်ခဲရှိနေပါသေးကြောင်း တင်ပြအပ်ပါသည်။

(၃) Golden Paradise Project စီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မိုးကြိုးရွာ အနီးတွင် တည်ရှိပြီး၊ မိမိတို့ကုမ္ပဏီနှင့် စိုက်ပျိုးတောင်သူများအကြား ၉၀.၅၀ ဧကရှိ တောင်ယာမြေ ကို ၆၀:၄၀ အချိုးဖြင့် အကျိုးတူ အကောင်အထည်ဖော်ဆောင်ရန် စိုက်ပျိုးတောင်သူများနှင့် နားလည် မှု စာချွန်လွှာရေးထိုးပြီးသည့် ဟိုတယ်နှင့် အပန်းဖြေ အိမ်ယာ စီမံကိန်းဖြစ်ပါသည်။ အဆိုပါစီမံကိန်း ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်အစိုးရအဖွဲ့နှင့် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံသို့ တင်ပြခွင့်ပြုချက်ရရှိပြီးသည်နှင့် အလျင်အမြန် အကောင်အထည်ဖော်ဆောင်မည့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းအသစ်ဖြစ်သည်နှင့်အညီ အလားအလာကောင်းသည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။

၄။ ငွေကြေးရင်းနှီးမြှုပ်နှံမှုဈေးကွက် သို့မဟုတ် ရန်ကုန် စတော့အိတ်ချိန်း

ငွေကြေးရင်းနှီးမြှုပ်နှံမှုဈေးကွက်တွင် စာရင်းတင်သွင်း နိုင်ရေးအတွက် ပြင်ဆင်ရာ၌-

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ကုမ္ပဏီစတင် တည်ထောင်စဉ်ကတည်းကပင် အရင်းအနှီးဈေးကွက်သို့ ဝင် ရောက်ရန်ရည်ရွယ်လျက် အများပိုင်ကုမ္ပဏီကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်နှင့်အညီ နှစ်စဉ် အစုရှယ်ယာရှင်များ၏အထွေထွေအစည်းအဝေးကို ကုမ္ပဏီများအက်ဥပဒေနှင့်အညီ မပျက်မကွက် ကျင်းပ ခြင်း၊ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးအခြေအနေများကို ပွင့်လင်းမြင်သာစွာပြုစု တင်ပြခြင်း၊ အမြတ်ဝေစုခွဲဝေပေးခြင်း စသည်တို့ကို စနစ်တကျ ဆောင်ရွက်ခဲ့ပါသည်။

“၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ကုမ္ပဏီစတင် တည်ထောင်စဉ်
ကတည်းကပင် အရင်းအနှီးဈေးကွက်သို့ ဝင်ရောက်ရန်ရည်ရွယ်လျက်
အများပိုင်ကုမ္ပဏီကို တည်ထောင်ခဲ့ခြင်းဖြစ်သည်”

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ရန်ကုန်စတော့အိတ်ချိန်းသို့ မှတ်ပုံတင်နိုင်ရေးကြိုးပမ်းရာတွင်အများ နှင့်သက်ဆိုင်သောကုမ္ပဏီများ၏ အရည်အသွေးသတ်မှတ်ချက် “စံ” ၁၇ ချက်နှင့် စိစစ်ရာ၌လည်းကောင်း၊ လူတွေ့မေးမြန်းရာ၌လည်းကောင်း အဆင်ပြေခဲ့ပြီးနောက် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ် ရေး ကော်မရှင်က ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် နေ့တွင် မိမိတို့ကုမ္ပဏီအပါအဝင် အများပိုင်ကုမ္ပဏီ ၉ ခုကို စာရင်းဝင်နိုင်သည့် အလားအလာရှိသောကုမ္ပဏီအဖြစ် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

အရင်းအနှီးဈေးကွက်တွင် မှတ်ပုံတင်နိုင်ရေးအတွက် ပြင်ဆင်ရာ၌ - မိမိတို့ကုမ္ပဏီအနေဖြင့် ရန်ကုန် စတော့အိတ်ချိန်းတွင် မှတ်ပုံတင်နိုင်ရန် လုပ်ငန်းအလိုက် သဘောတူစာချုပ် ချုပ်ဆိုထားသည့် စီးပွားရေး မိတ်ဖက်များနှင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများမှာ -

KBZSC- IPO Manager
- Underwriter for the IPO 
VDB Loi - Due Diligence
- Restructuring and other preparation before the IPO
- Preparing and reviewing of the Prospectus
- Submission for the Commission’s approval
- Consultations with the Commission
- Assistance up to commencement of trading
- All legal advisory during and after the IPO
- Amending MOA and AOA to reflect the change in GHKS’s structure
BDO- Internal Control Review
Deloitte- Pricing Support Services of Hydro power Project
Excellence Choice Profession- Internal Control and Reporting System Setting Up
- External Reporting System Setting Up
- Corporate Governance (CG) System Setting Up

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်စတော့အိတ်ချိန်း၌ မှတ်ပုံတင်နိုင်ရန်နှင့် အများပြည်သူသို့ အစုရှယ်ယာဝယ်ယူရန် ကနဦးကမ်းလှမ်းခြင်း (Initial Public Offering, IPO)ကိစ္စ ပြုလုပ်ရန်လျာထားကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

၅။ ဘဏ္ဍာရေးကဏ္ဍ

ကုမ္ပဏီ၏ လက်ရှိ အသားတင်ပိုင်ဆိုင်မှုသည် ကျပ်သန်း ၁၂,၃၀၆ ရှိပြီး ရှယ်ယာ ၁ စောင်၏ အသားတင်စာရင်းတန်ဖိုးသည် ၂၂၅,၇၄၀ ကျပ် ရှိပါသည်။ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်မှာ စုစုပေါင်း ရှယ်ယာစောင်ရေမှာ ၅၄,၅၁၈ ဖြစ်ပါသည်။ ၂၀၁၅ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ စုစုပေါင်းအသားတင်အမြတ်မှာ ကျပ်သန်း ၈၉၉ ရရှိခဲ့ပါသည်။

၂၀၁၅~၂၀၁၆ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစုကို ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ထိ ထည့်ဝင်ခဲ့သော ရှယ်ယာအစုရေ စုစုပေါင်း ၂၆,၀၆၄ စုကိုသာ အမြတ်ဝေစု တစ်စုလျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ပြီး တတိယအကြိမ် ထပ်မံခွဲဝေမည်ဖြစ်ပါသည်။

၂၀၁၅~၂၀၁၆ ဘဏ္ဍာနှစ်ကုန်တွင် ထည့်ဝင်ပြီးအစုရှယ်ယာ (Paid Up Capital) မှာ ယခင်နှစ် မှတ်ပုံတင်ထားသော မတည်ငွေရင်းကျပ်သိန်း ၅၀,၀၀၀ ထက်ကျော်ကာ ကျပ်သိန်း ၅၄,၅၁၈ ထိတိုးမြှင့်သွားပါသဖြင့် မှတ်ပုံတင်ထားသောမတည်ငွေရင်း (Authorized Capital) ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် စာအမှတ်- ဂဟခ/၁-၄/စီမံ-ချုပ်(၁၆၃)ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ ကျပ်သိန်း ၃၀၀,၀၀၀ အထိ တိုးမြှင့်ရန် လျှောက်ထားခဲ့ပါသည်။

၂၀၁၅~၂၀၁၆ ဘဏ္ဍာနှစ်တွင် ဖော်ပြထားသော ဘဏ္ဍာရေးရှင်းတမ်းများမှာ အလွှဲသုံးစားမှုများနှင့် အမှားအယွင်းဖော်ပြမှုများကင်းစင်စေလျက် မှန်ကန်သင့်တင့်လျောက်ပတ်စွာ ဖော်ပြသည်ဟု ထင်မြင်ယူဆပါသည်။

၆။ နိဂုံး

ကုမ္ပဏီသည် ယခုလက်ရှိအနေအထားအရ ကုမ္ပဏီဒါရိုက်တာအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့နှင် ဝန်ထမ်းအားလုံးတို့ တက်ညီ လက်ညီကြိုးပမ်းအားထုတ်မှုများကြောင့်လည်းကောင်း၊ အကြံပေးအဖွဲ့များ၏ တန်ဖိုးကြီးမားလှသော အကြံဉာဏ်ပံ့ပိုးမှုကြောင့် လည်းကောင်း အောင်မြင်မှုခြေလှမ်းအတိုင်းအတာတစ်ခုအထိ လျှောက်လှမ်းရောက်ရှိ နေပြီဖြစ်ပါသည်။ ကုမ္ပဏီမှာ သက်တမ်း အားဖြင့်နုနယ်သေးသော်လည်း အောင်မြင်မှုအသီးအပွင့်များ အထိုက်အလျောက်ဆွတ်ခူးနိုင်ခဲ့ခြင်း၊ အနာဂတ်အတွက် အလား အလာကောင်းများကိုဖန်တီးနိုင်ခဲ့ခြင်းဖြင့် မွှေးပျံ့လှပသောကမ္ဗည်းရေးထိုးနိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့အတွက် ခေတ်စနစ်နှင့်အညီ မူဝါဒများချမှတ်ဖော်ဆောင် ထိန်းကျောင်းလမ်းညွှန်မှုပေးခဲ့သော နိုင်ငံတော်နှင့် အဆင့်ဆင့်သောအစိုးရဌာနတာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှပံ့ပိုးပေးခဲ့သော ပညာရှင်များ၊ မိမိတို့ကျရာကဏ္ဍအလိုက် လုပ်ငန်းလုပ်ဆောင်ကြသော ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ ယုံကြည်မှုများဖြင့် လုပ်ငန်းပူးပေါင်းလုပ်ကိုင်ခဲ့ကြသော စီးပွားရေး မိတ်ဖက်များ၊ ကုမ္ပဏီအပေါ်ရပ်တည်ပေးကြခဲ့သော အစုရှယ်ယာရှင်များနှင့် လုပ်ငန်းအရပ်ရပ်အတွက် အဖက်ဖက်မှ ပတ်သက်ကူညီခဲ့ကြရသော သက်ဆိုင်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။